လေရှီးမြို့၌ မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် လှေကားထစ်လယ်ယာ လုပ်ကိုင်ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲဆောင်ရွက်

လေရှီး မေ ၂၅

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် (၁၁) နာရီအချိန်က လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာအုပ်စု၊ ရေဒေါင်ကျေးရွာနေ တောင်သူ ဦးယားပေါ့၏ လယ်ကွက်၌ မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် လှေကားထစ်လယ်ယာလုပ်ကိုင်ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲ အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးက မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် လှေကားထစ်လယ်ယာ လုပ်ကိုင်ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ ဒေါ်ဆန်းစစ်ရှီး၊လေရှီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) က တောင်သူများအား အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မိုးစပါးမျိုးစေ့များ ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဒေါ်ဆန်းစစ်ရှီး၊ လေရှီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မိတ်ဖက်ဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများက တောင်သူများအား ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့နှင့် အောင်နိုင်တိုး မိုးစပါး မျိုးစေ့များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူအားလုံးကိုယ်စား တောင်သူ ဦးယားပေါ့က ကျေးဇူးတင်စကားပြောကြားခဲ့သည်။  ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေဦးက တောင်သူအသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများကိုယ်စား တောင်သူဦးယားပေါ့‌ထံသို့ ပေးအပ်ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် လက်တွန်းထွန်စက်ဖြင့် လှေကားထစ်လယ်ယာလုပ်ကိုင်ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို တက်ရောက်လာကြသည့် တောင်သူများအား လက်တွေ့သရုပ်ဆောင်ရွက်ပေးခဲ့သည်။ အခမ်းအနားသို့ ဒေါ်ဆန်းစစ်ရှီး၊ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ အမှတ်(၁)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မိတ်ဖက်ဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း အင်အား (၅၇) ဦးခန့် တက်ရောက်ခဲကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)