လက်ပံတန်းမြို့နယ်၌ မြန်အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

လက်ပံတန်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဘီးလင်းတန်းရပ်ကွက် ဘီးလင်းတန်းလမ်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်တာဝန်ရှိသူများက ပျိုးပင်များကို တက်ရောက်လာသူများထံပေးအပ်ပြီး မြို့နယ်တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထိုက်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကျွန်း၊ ယင်းမာပင် ပျိုးပင်ပေါင်း ၁၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)