မိုးညိုမြို့နယ်၌ မြန်မာအမျိုးသမီး‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌ ကျင်းပ

မိုးညို ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်နှင့်အဖွဲ့ဝင်များထံ မြို့နယ်သစ်တောဦးစီးဌာန‌၊ မြို့နယ်တာဝန်ခံတောအုပ်ကြီးနှင့်ဝန်ထမ်းများက ပျိုးပင်များ‌ပေးအပ်ခဲ့သည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်နေပြည်သူများက ကျွန်း(၈၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ယမနေ(၅၀)ပင်၊ မဟော်ဂနီ(၁၂၀)ပင်၊ ခရေ(၅၀)ပင်  စုစု‌ပေါင်းပျိုးပင်(၅၀၀)တို့ကို စုပေါင်းစိုက်ပျိုးခဲ့‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)