သာယာဝတီ ဇွန် ၆
၂၀၂၆ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃ ရက်နေ့နံနက် ၇ နာရီက သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သခွတ်ကုန်းရပ်ကွက် လယ်တီဘုန်းတော်ကြီးကျောင်းဘေးရှိ သတ်မှတ်မြေနေရာ၌ ကျင်းပသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သံစဉ်နှင့် အဖွဲ့ဝင်များမှကြီးမှူးကျင်းပခဲ့ပြီး စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သံစဥ်နှင့် တာဝန်ရှိသူများက ပျိုးပင်များအားပေးအပ်ပြီး သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များစိုက်ပျိုးကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဦးစီးဌာန၊ မြန်မာ့မီးရထားတို့မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကာ ကျွန်း (၁၀၀) ပင်၊ မဟော်ဂနီ (၁၀) ပင်၊ မန်ဂျန်ရှား (၂၀) ပင်၊ ခရေ (၁၀) ပင်၊ ကံ့ကော် (၂၀) ပင်နှင့် ပျဉ်းကတိုး (၁၀) ပင်၊ စုစုပေါင်း (၁၇၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)