မိုးညို ဇွန် ၆
၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပရာ အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူ ၈ ဦးက "ဦးဆောင်မြင့်မားစွမ်းပကား မြန်မာအမျိုးသမီးများ" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု မအိခိုင်ဖြူ၊ ဒုတိယဆု မယွန်းရွှေရည်၊ တတိယဆု မလဝန်းမေနှင့် ပြိုင်ပွဲဝင်အားလုံးကို အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်မာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)