ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဘုတ်ပြင်း ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ  ပုလဲရွှေရည်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ်(၁၃) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကို၊ ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနိုင်နှင့် ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များအား စိုက်ပျိုးမည့် ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက ပျဉ်းကတိုး (၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ မန်ဂျာရှား(၁၈၀)ပင်၊ ခရေ(၇၀)ပင်၊ စိန်ပန်း (၅၀)ပင်၊ စုစုပေါင်းပျိုးပင် (၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)