ဟင်္သာတ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း၌ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများအာ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၃ ရက်နေ့ နေ့လည် ၁ နာရီက ဟင်္သာတမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရှိ ဟင်္သာ ခန်းမကြီးတွင် ကျင်းပခဲ့သည်။
အခမ်းနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က ကျောင်းသား/သူများအား ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ ရှောင်ရန်ဆောင်ရန်များကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက မိုးတွင်းကာလတွင် ဖြစ်ပွားမှုများသော ရောဂါများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ စုစုပေါင်း ၄၅၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)