ကန်ကြီးထောင့် ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက ရွေးကျေးရွာတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ (Online) အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်လွင်က မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ လည်းကောင်းအသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ရွေးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ရပ်မိ/ရပ်ဖများနှင့် ကျေးလက်နေပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)