ကျိုက်ထိုမြို့နယ်တွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ (RS) များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျိုက်ထို ဇွန် ၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်ဧက (၅၀) စိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအား ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ဘေးကြားတောင်ပျံ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ (RS) များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဗိုလ်က မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက တောင်သူများအား ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ဘေးကြားတောင်ပျံ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ (RS) များပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)