ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များပြောင်းရွှေ့

ပေါင် ဇွန် ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်လာရာမှ ရေတိုက်စားပြီး ကမ်းပါးပြိုကျလာမှုကြောင့် နေအိမ်(၈)လုံးတို့အား ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ပြောင်းရွှေ့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပြောင်းရွှေ့မိသားစုများ၏ နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ကွေ့တွင်တည်ရှိကာ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် နှစ်စဉ်ကမ်းပြိုကျလာမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)