တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ပုသိမ်         ဇွန်         ၃

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

ဦးစွာ ကတိပြုရန်လိုအပ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင်ကတိသစ္စာပြုခြင်းနှင့် ကတိပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းကြရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့ပြီးနောက် အင်္ဂပူမြို့နယ်အမှတ်(၂) ကိုယ်စားလှယ်က “သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကိုအဆင့်ဆင့်ဖွဲ့စည်း ထိန်းကျောင်းရေးနှင့် စပ်လျဉ်းသည့်" အဆိုကို တင်သွင်း၍ မြန်အောင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁)က ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော် ကသဘောတူ သဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်း နိုင်ကြောင်းကြေ ညာခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)