မြောင်းမြ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း၌ (တတိယအကြိမ်) သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၂) ရက်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်က မြောင်းမြသူနာပြုသင်တန်းကျောင်းမှ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များအပ်နှင်းမည့် သင်တန်းသား၊ သင်တန်းသူများအား အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် တာဝန်ရှိသူများက သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)