မုံရွာမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုက္ကိုပင် လဲကျ လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိ

မုံရွာ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်မီးသတ်စခန်း အနောက်မြောက်ဘက် (၃)မိုင်ခန့် အကွာ ဒေါနခြံရပ်ကွက်၊ သာစည်လမ်း၊ ဒေါ်မြင့်မြင့်ဦး၏ နေအိမ်ဝန်းအတွင်းရှိ ကုက္ကိုပင်သည် ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အမြစ်မခိုင်ဘဲလဲကျ ကာကား(၂)စီးနှင့်ဆိုင်ကယ်ပေါ်ပိနေကြောင်း သိရသည်။

ဦးစွာ အဆိုပါ ကုက္ကိုပင်လဲကျနေရာသို့ မုံရွာခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အောင်ချမ်းသာရပ်ကွက်ရုံးကြီးရပ်ကွက်၊ ဒေါနခြံရပ်ကွက်၊ မြို့သစ်ရပ်ကွက် နန္ဒဝန်ရပ်ကွက်တို့မှ အရန်တပ်ဖွဲ့ဝင်များ၊ မေတ္တာစေရာလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ရင်း၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ သွားရောက်ပူးပေါင်းပြီး ရှင်းလင်းခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် Toyota Belta ရှေ့နေကာမှန်- NissanVanette စတီးအမိုးကိုင်းနှင့်ဘယ်ဘက် Body ၊ Honda Click (125)၊ဆက်သွယ်ရေးတိုင်(၂)တိုင်၊ အုတ်တံတိုင်းများ၊ သံဗန်းသံတံခါးများပျက်စီးခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိ ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)