မုံရွာ၊ ဇွန် ၃
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းကို ဇွန်လ ၃ ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း တက်ရောက်ပြီး ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိ လိုက်နာခြင်းဖြင့် ပြည်သူများ၏ ပိုမိုယုံကြည်အားကိုးမှုရရှိစေရေးကို ဖော်ဆောင်ကြရန် မှာကြားသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအရာရှိများအား ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ ဆုံမေးမြန်းခြင်းကို သက်ဆိုင်ရာကျင့်ဝတ်ကြီးကြပ်ရေး အဖွဲ့များက မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)