ရွှေဘိုမြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးသင်တန်း ပြုလုပ်

ရွှေဘို ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် သီးနှံမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ပွဲနှင့် အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ဇွန်လ (၂)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာသောတောင်သူဦးကြီးများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲရေး နည်းပညာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ သည်။ 

အဆိုပါအခမ်းအနားသို့ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)