သာယာဝတီ ဇွန် ၂
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က ပြည်ဘက်မှ သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ သာယာဝတီဘူတာ မီးရထားမိုင်တိုင်အမှတ် ၆၇/၉ သို့ ရောက်ရှိလာခဲ့ရာ ဘူတာ၏အဆောက်အဦအား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး အလှပန်းပင်များအား ပြုပြင်ရန်နှင့် လိုအပ်သည်များ ညွှန်ကြားခဲ့သည်။
အဆိုပါနေရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲစိုး သာယာဝတီရုံပိုင်တာဝန်ခံ ဦးဝင်းသူနှင့် ဝန်ထမ်းများက စောင့်ကြိုဆိုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)