သထုံ ဇွန် ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်က သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များအား ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်တို့ သိလိုသည့် မေးမြန်းခြင်းတို့ကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)