ပေါင် ဇွန် ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (ပေါင်) ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမှ မြို့နယ်ဦးစီးမှူး ဦးဌေးအောင်ကျော်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ကြည့်ရှုခဲ့သည်။
ပေါင်မြို့နယ်ရုံးအနေဖြင့် လမင်းစီမံချက်ကို အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်ပြုလုပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)