မအူပင် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မအူပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၃၂၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းတို့တွင် အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိရာ တာဝန်ရှိသူများက ကျောင်းများ၏ သင်ကြားရေးနှင့် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးစသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)