ဒေးဒရဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် (မိုးရာသီ) လူထုဖြန့်သစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ မာလာလူးကား၊ ခရေ၊ စိန်ပန်းကြီး၊ ပျဥ်းကတိုး၊ ငုရွှေဝါ စသည့် ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်ရေးအတွက် ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားနိုင်ရေးအတွက် ပျိုးပင်များအား ပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အခြေခံပညာကျောင်းများသို့ အခမဲ့ ဖြန့်ဝေပေးအပ်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း