နတ်မောက် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်( ဦးစီးအရာရှိ)က စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားကာ ဆရာမောင်ခင်မင်ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်မှ လူငယ်တစ်ဦးချင်းစီရဲ့ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရေကျန်းမာရေးပြည့်စုံမှသာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော ရာဂဏန်းအထိရှီသည့် ဆရာ၊ဆရာမအပေါင်းရဲ့ ကျေးဇူးတရားကြီးမားလှပုံကို လေ့လာဖတ်ရှုစေချင်ပါကြောင်း၊ လူကြီးများက လူငယ်များထက် အတွေ့အကြုံများသည်မှာ အမှန်ဖြစ်တာကြောင့် မိမိတို့လူငယ်ဘဝဖြတ်သန်းစဉ်တွေ့ကြုံခဲ့သော အတိမ်းအချော်များ၊ အားနည်းချက်များ၊ သင်ခန်းစာယူစရာများကို ပြန်လည်ဆင်ခြင်ပြီး လူငယ်များကို ထိန်းသိမ်းတည့်မတ်ပေးရမှာဖြစ်ပါကြောင်း၊ ဒါကြောင့် လူငယ်များအနေဖြင့်လည်း စိတ်ဓာတ်အခြေခံကောင်းများရှိသော လူငယ်များဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးပြုစွမ်းဆောင်နိုင်တဲ့ ပညာတတ်များဖြစ်လာရေးအတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာအုပ်စာပေများကို လေ့လာဖတ်ရှုစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ စုစုပေါင်းစုစုပေါင်း ၂၇ ဦးတက်ရောက်ခဲ့သည်။
လှဝင်း