ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကန့်ဘလူ ဇွန် ၁

၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန်မှုဖြင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအနေဖြင့် (ထက်/လယ်/မူ/မူခွဲ)  ကျောင်းပေါင်း ၈၁ ကျောင်း၊ ဘ/က ကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၉)ကျောင်း စုစုပေါင်း (၉၁)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူပေါင်း ၁၅၅၂၉ ဦးတက်ရောက်၍ ကိုယ်ပိုင်ကျောင်းများ၌ ၅၄၇ ဦးတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)