ချောင်းဦးမြို့နယ်၌ မိုးကြို ပဲတီစိမ်းများကောက်သိမ်းပြီး ဝင်ငွေရနေ

ချောင်းဦး ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် မိုးကြို ပဲတီစိမ်းများကောက်သိမ်းပြီး တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ယခုနှစ် မိုးကြိုပဲတီစိမ်း ၈၈၃၄ ဧက စိုက်ပျိုးထားကြောင်း၊ ယခုအခါ အောင်မြင်ဖြစ်ထွန်းနေပြီး ပထမအကြမ် ဆွတ်ခူးခဲ့ရာ တစ်ဧကလျင် ၁၀ တင်း ၄ ပြီခန့်ရရှိခဲ့ကြောင်း၊ ပဲတီစိမ်း တစ်တင်းလျင် ၉ သောင်းမှ တစ်သိန်းကျပ်အထိ စျေးရရှိနေကြောင်း၊ ရာသီကုန် အနေဖြင့် တစ်ဧကလျင် ၂၅ တင်းကျော်အထိထွက်ရှိနိုင်ပြီး ချောင်းဦးမြို့နယ်အနေဖြင့် မိုးကြိုပဲတီစိမ်းစိုက် တောင်သူများအားလုံး တွက်ခြေကိုက်သည့် သီးနှံတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပဲတီစိမ်းသီးနှံအား ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လစဥ် အကျိုးဆောင်တောင်သူများအား အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းမြင့်အောင် (ပြန်/ဆက်)