ကန့်ဘလူ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျော့ချရောင်းချပေးလျက်ရှိရာ ဇွန် ၁ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးခဲ့သည်။
ထိုသို့စားအုန်းဆီများရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူ တစ်ဦးလျှင် စားအုန်းဆီ ၁ ပိဿာကို ငွေကျပ် ၈၇၅၀ ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး ကျန်ရပ်ကွက် များဖြစ်သည့် အမှတ်( ၁/၃/၄/၅)ရပ်ကွက်များတွင်လည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)