သံဖြူဇရပ် မေ ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်သူနာပြု ကြက်ခြေနီတပ်ဖွဲ့ထူးချွန်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် သံဖြူဇရပ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုမြို့နယ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ပြုပွဲတွင်အသုံးပြုရန်အတွက် အလှူရှင်ဦးခင်မောင်ဦးမိသားစုမှ လှူဒါန်းသည့် အလှူငွေ ၅ သိန်းဦး ရာပြည့်မောင်မိသားစုမှ လှူဒါန်းသည့် အလှူငွေ ၃ သိန်း ဒေါက်တာမင်းဋ္ဌေးဝင်း (မြတ်မေတ္တာမွန်) ဆေးရုံမိသားစုမှ လှူဒါန်းသည့်အလှူငွေ ၃ သိန်းတို့ကို တာဝန်ရှိသူတို့ကလက်ခံခြင်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပြီး၊ ၂၀၂၆ ခုနှစ် မေလ ၈ ရက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှကျင်းပသည့် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် သံဖြူဇရပ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ စွမ်းရည်ပြိုင်ပွဲဆုရရှိသူများ၊ (၂၀၂၅) ခုနှစ်စံပြကြက်ခြနီ ထူးချွန်ဆုရရှိခဲ့သူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မန္တလေးငလျင်ကြီးဘေးတွင် ထိခိုက်ခံစာကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)