ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ကြီး မေ ၃၁

 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ စီမံညွှန်ကြားချက်အရ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ ကျောင်းဝင်းအတွင်း ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများ၊ မသန့်ရှင်းသောရေများ၊ ရေလှောင်ကန်များ၊ ရေအိုးများ၊ ရေများလှဲလှယ်သန့်ရှင်းပြုလုပ်ပေးခြင်း၊ ကျောင်းဝင်းအတွင်း ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းလုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)