ကျောက်ကြီး မေ ၃၁
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် တောင်ငူတန်းရပ်ကွက်နှင့် ကပ်ကျေးရပ်ကွက်ကြားရှိ ချောင်းကူး ဦးခြောက်ရာတံတား ယာယီ သွားလာနိုင်ရေးပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါတံတားအား ယာယီသွားလာနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးထွန်း ဦးဆောင်ပြီး မြို့မရဲစခန်း ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနီဌေး ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက တောင်ငူတန်းရပ်ကွက်နှင့် ကပ်ကျေးရပ်ကွက်ကြားရှိ ပေအရှည် (၁၆၀)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့် (၂၀)ပေရှိ ကျောက်ကြီးချောင်းကူး တံတားအား ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာသွားလာနိုင်ရေး ရည်ရွယ်၍ ခန့်မှန်တန်ဖိုးငွေ(၅)သိန်းကျပ်ခန့် အကုန်ကျခံပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)