ထန်းတပင်(ပဲခူး) မေ ၃၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် စာသင်ကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်းရှိ ရေစည်၊ ရေကန်၊ ဘုရားပန်းအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်းများ ရှာဖွေခြင်းနှင့် ခြင်များပေါက်ပွားမှုမရှိစေရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီအသင်းဝင်များ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)