ဖျာပုံမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များတွေ့ဆုံပွဲကျင်းပ

ဖျာပုံ    မေ     ၃၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို မေလ (၃၀)ရက်နေ့ နံနက် (၉)နာရီက ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုအကော်မတီဝင်များတွေ့ဆုံပွဲကျင်းပရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးတို့က အဖွင့်အမှာစကား အသီးသီးပြောကြားပြီး ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ဘိုကလေး) မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်
မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များက မြို့နယ်အလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ကြုံတွေ့နေရသော အခက်အခဲများအားအသီးသီး Projector ဖြင့်ရှင်းလင်း တင်ပြကြသည်။ ထို့နောက် သက်ဆိုက်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဦးကျော်မျိုးတင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)