ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တည်ခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကလေးဝ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က စက်သုံးဆီအရောင်းဆိုင်များနှင့် တည်ခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်နှင့် တည်ခိုခန်း (၄) ခုတို့အား မီးချိတ်၊ မီးကပ်၊ လှေကား၊ သဲအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံများ   မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)