ကလေးမြို့ပေါ်ရှိ တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကလေး မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘွေမောင်းထန် ဦးဆောင်သော ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ကလေးမြို့နယ်အတွင်းရှိ တည်းခိုခန်း ၁၀ ခုသို့ သွားရောက်ကာ ကလေးမြို့ပေါ်ရှိ တည်းခိုခန်းများအား မေ ၂၉ ရက်နေ့က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆေးဘူးများစစ်ဆေးခြင်း အသိပညာပေးခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အဆင်သင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးအကြံပြုပြီး လေပေါင်မရှိသော မီးသတ်ဆေးဘူးများ စစ်ဆေးပေးခြင်း၊ အသုံးပြုနည်းနှင့် 191 Application အသုံးပြု၍ မီးလောင်မှုနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှုအား သတင်းပေးပို့နိုင်မှုကို တည်းခိုခန်းပိုင်ရှင်နှင့် ဝန်ထမ်းများအား ရှင်းလင်းခဲ့ပြီး မီး‌ဘေးလုံခြုံမှု ထောက်ခံချက်မရရှိ‌သေးသည့် လုပ်ငန်းရှင်များအား ထောက်ခံချက်ရယူဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)