ဝေါ မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်သစ်တောဦးစီးဌာနက ဝေါမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက တမာတကေကျေးရွာ အုပ်စု၊ တမာတကေကျေးရွာနှင့် ဖိုးဦးစိန်ကျေးရွာသွားကားလမ်းဘေး၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းမြေ့အောင်(၁)နှင့် ဝန်ထမ်းများက ပျိုးပင်များကို ဖြန့်ဝေပေးသည်။
ထို့နောက် တက်ရောက်လာသူများက အရိပ်ရလေကာပြီး စိမ်းလန်းစိုပြည်သာယာလှပစေ ရေးအတွက် သစ်တောသစ်ပင်များ အပါအဝင် အရိပ်ရပြီး အပွင့်ပွင့်သည့်သစ်မျိုးများဖြစ်သော ပိတောက်၊ မန်ဂျန်ရှား၊ ကံ့ကော်၊ မဟော်ဂနီ၊ ပျဉ်းမ၊ ခရေ စသည့် ပျိုးပင်ပေါင်း (၅၁၀) ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)