မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အုတ်ဖို မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရန်၊ ဂေဟစနစ်ပျက်စီးမှု ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တော ဦးစီးဌာနမှ ယမန်နေ့နံနက်၈နာရီက အ.ထ.က အုတ်ဖိုကျောင်းဝန်းအတွင်း၌ ကျင်းပ ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက သစ်ပင်စိုက်ပျိုးပွဲ တော်သို့ တက်ရောက်လာသော ဌာနဆိုင်ရာများအကြီးအကဲများ၊ ဒေသခံပြည်သူများကို ပျိုးပင်များ ပေးအပ်ခဲ့သည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  သစ်တောဦးစီး ဌာမှဦးစီးအရာရှိ ဦးငွေစိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ကျောင်းဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ပျဉ်းကတိုး(၂)ပင်၊ ငုရွှေဝါ(၁၅)ပင်၊ ကံ့ကော်(၁၄)ပင်၊ မန်ဂျန်ရှား(၂၆) ပင်၊ အာဆီယံသပြေ(၈)ပင်၊ ခရေ(၂၄)ပင် စုစုပေါင်း(၈၉)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

အောင်သူ(အုတ်ဖို)