ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာ၌ မြေငှားဂရန်ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဒေးဒရဲ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေများမြေငှားဂရန်ပြုလုပ်ပေးမည့် တော်ကမယ်ကျေးရွာအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက မြေတိုင်းတာခြင်းနှင့် မြေငှားဂရန်ပြုလုပ်ပေးမည့် လုပ်ငန်းဆောင်ရွက်နေမှုအား မေ ၂၈ ရက်နေ့ မွန်းလွဲ (၂) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်လွင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်နေမှုအားကြည့်ရှု့စစ်ဆေးခဲ့ပြီး မြေငှားဂရန်များသတ်မှတ်ချိန်အမီထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း