အိမ်မဲ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပသည်။
အစည်းအဝေးတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းအကြောင်းအရာ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းအကြောင်းအရာများ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ MSMEလုပ်ငန်းများ၊ စလော့ဂိမ်းဥပဒေအကြောင်းအရာများ၊ လမင်းစီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးသည့်ကိစ္စရပ်များ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ဆောင်ရွက်ထားရှိမှုများ၊ ရပ်ရွာအတွင်းဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)