မအူပင် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးသည့်အခမ်းအနားအား ယမန်နေ့ နံနက် (၉) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀)စီမံချက်ဆောင်ရွက်မှု များအားရှင်းလင်းပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးသောင်းသိန်းဌေးမှ ရက်(၁၀၀)စီမံချက်နှင့်ပတ်သက်သည့် ဌာန၏လုပ်ဆောင်ချက်များအား ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တာဝန်ရှိသူများမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များအား တောင်သူများ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသောင်းသိန်းဌေးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဒေသခံတောင်သူ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)