မိုးညို မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မိုးညိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာ ပညာပေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်မင်းစိုးတို့က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်ခိုင်က တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားပြီး အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)