ကန်ကြီးထောင့် မေ ၂၈
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂ဝ၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကို မေ (၂၆)ရက် နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဒုတိယတိုင်းဒေသကြီးမန်နေဂျာ ဦးအောင်မျိုးသန်းက ချေးငွေလုပ်ငန်းနှင့်စပ်လျဉ်း၍ အမှာစကားအားလည်ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွဠ်ဝင်းက ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံထားရှိခြင်း လုပ်ငန်းဆိုင်ရာများအားလည်းကောင်း အသီးသီးဆွေးနွေးမှာကြားခဲ့ကြပြီးနောက် ရေတွင်းဆိပ်ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီးမန်နေဂျာ၊ မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းဒေသကြီးတာဝန်ခံ၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာတို့က တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက်(၇)ခု ကျေးရွာအုပ်စု (၇၃)အုပ်စုမှ တောင်သူ (၇၄၀၀)ဦး၏ လယ်ဧက (၅၂၀၀၀)အတွက် ချေးငွေကျပ် (၁၅၆၀၀)သန်းအား ထုတ်ချေးရန်လျာထားခဲ့ပြီး ယနေ့အထိ ကျေးရွာအုပ်စု (၁၂)အုပ်စု၊ တောင်သူ (၈၃၉)ဦး၏ လယ်ဧရိယာ (၆၂၄၂)ဧကအတွက် တစ်ဧကလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် တောင်သူတစ်ဦးလျှင် (၁၀)ဧကအထိ ငွေကျပ်(၁၈၇၂၆.၀၀)သိန်းအား အတိုးနှုန်းမှာ (၅)%ဖြင့် ထုတ်ချေးခဲ့သည်။ အဆိုပါချေးငွေအား နှစ်စဥ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေအပါအဝင် အချိန်စေ့ချေးငွေ အပြေအကြေပေးဆပ်ပြီးဖြစ်သော တောင်သူများအား စက်တင်ဘာလ (၃၀)ရက်နေ့အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)