ရွှေသောင်ယံ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီမှစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်မြောက်ခြင်းအခမ်းအနား များကိုပြုလုပ်ဆောင်ရွက်ကြသည်။
သို့ရာတွင် ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်၌ ယနေ့နံနက်(၈)နာရီမှ (၁၂)နာရီအထိ ပြည်သူများမှမိမိတို့ကြိုက်နှစ်သက်သည့်သူများအား မဲနှိုက်ရွေးချယ်ကြရာ ရပ်ကွက်၊ကျေးရွာအုပ်စုအတွင်း ဒေသအတွက်အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် အုပ်ချုပ်ရေးမှူးကောင်းများဖြစ်လာစေရန် ရွေးချယ်တင်မြောက်ကြသည်။
ထိုသို့ရွေးချယ်တင်မြောက်ရာတွင် ဆန္ဒပြုခန်းပြုလုပ်၍ မိမိတို့ကြိုက်နှစ်သက်သူအား ရပ်ကွက်နေပြည်သူတစ်ဦးချင်းမှ ဆန္ဒပြုမဲပေးပြီးမဲပုံးသို့ထည့်ကာ ဆန္ဒမဲများသူအားရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တင်မြောက်ခဲ့ကြသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများတက်ရောက်၍ မှန်ကန်တိကျမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်