ကျိုင်းတုံမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်သင်တန်းဖွင့်

ကျိုင်းတုံ မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ  အကြိုအခြေခံမီးသတ်သင်တန်း (၁/၂၀၂၆)ဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၊ စျေးများ၊ ဟိုတယ်/ မိုတယ်များ၊ စက်ရုံအလုပ်ရုံများမှ သင်တန်းသား ၁၃၃ ဦး တက်ရောက်ပြီး မီးသတ်ပညာဘာသာရပ်၊ မီးသတ်ပစ္စည်းများ ကိုင်တွယ်အသုံပြုနည်း စသည့် မီးသတ်ဆိုင်ရာနည်းစနစ်များကို ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက  မေလ ၁၅ ရက်မှ ဇွန်လ ၅ ရက်နေ့ထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)