မိုင်းရှူး မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က သင်တန်းဖွင့် မိန့်ခွန်းအမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုး၏ ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ(၂)ဦးက တက်ရောက်သင်ကြားမည့် သင်တန်းသား(၁၄)ဦးကို မေလ(၂၅)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ (၂)ပတ်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရှူး (ပြန်/ဆက်)