နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးလှထွန်း နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက် နေမှုကြည့်ရှုအားပေး

လဟယ် မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဦးစီးအဖွဲ့၀င်များ၊ လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမဇိုးလောင်ဝီး၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒေသဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်နှင့် လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးတို့ လိုက်ပါ၍ ယနေ့နံနက်(၁၀:၃၀)နာရီအချိန် လဟယ်မြို့မာလာတောင်အားကစားခန်းမ၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ပူးပေါင်း၍ လဟယ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူလူထုများအား ဖိတ်ခေါ်ပြီး အစိုးရသစ်ရက်(၁၀၀)ကာလအတွင်း ပြည်သူများအတွက် "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အစိုးရသစ်ရက် ၁၀၀ အတွင်း လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့(ပြန်/ဆက်)