လဟယ် မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နားလုံကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် အစိုး၏ရက်(၁၀၀)စီမံချက်တွင် အကောင်ထည်ဖော်ဆောင်ရွက်သည့် ဒေသဝက်အကောင်(၂၀)နှင့် ဒေသကြက်အကောင်(၁၀၀)တို့ ထောက်ပံ့ပေးအပ်ပွဲကို မေ ၁၆ ရက်နေ့နံနက်(၀၉:၀၀)အချိန်က အဆိုပါကျေးရွာတွင် ကျင်းပပါသည်။
ဦးစွာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခဲချိန်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ကျေးရွာအတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျေးလက်နေပြည်သူများ အသား၊ နို့၊ ဥစားသုံးမှုဖူလုံစေရန်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများ ပေါ်ထွန်းလာစေရန်၊ မူးယစ်ဆေးဝါး ပပျောက်ရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါက်တာဖိုးကျော်မင်းက ဒေသကြက်၊ ဝက်များ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နန်းယွန်းမြို့မရဲစခန်းမှ ဒု-ရဲအုပ် လင်းလင်းဦးက မှုးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ဟောပြောပါသည်။ ထို့နောက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခဲချိန်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါက်တာဖိုးကျော်မင်းတို့က ဒေသကြက်အကောင်(၁၀၀)နှင့် ဒေသဝက်အကောင်(၂၀)တို့ ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့(ပြန်/ဆက်)