လိပ်သို မေ ၁၈
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆေးရွက်ကြီး အသုံးမပြုရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြိုင်ပွဲများကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုးဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပြည်သူများအနေဖြင့် ဆေးလိပ်နဲ့ ဆေးရွက်ကြီးအန္တရာယ်ကို ပိုသိလာပြီး သောက်သုံးမှု ကျဆင်းစေဖို့အတွက် ကမ္ဘာ့ဆေးရွက်ကြီးအသုံးမပြုရေးနေ့ကို သတ်မှတ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့ အကျင့် ရှိစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဂိမ်းကစားပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ခြေတပေါင်ကျိုးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၃) ဦးက ပါဝင်ယှဉ်ပြိုင် ကစားကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း