ကော့ကရိတ် မေ ၁၇
ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကော့ကရိတ်မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများ၏ မိသားစုဝင်များအား မေ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ဦးစွာ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာနည်ဝင်းက ကော့ကရိတ်မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံပြီး အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးဝတ်စုံများ ပေးအပ်သည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၏ သက်ကြီးဘိုးဘွားနှင့်မိဘများအား တစ်ဦးလျှင် ကြက်ဉ(၁၀)လုံး၊ ကွေကာအုပ် (၁)ထုပ်၊ ငွေကျပ် ၃၀၀၀၀၊ ကိုယ်ဝန်ဆောင် အမျိုးသမီးအား ကြက်ဉ(၁၀)လုံး၊ ကွေကာအုပ်(၁)ထုပ်၊ အိုင်အိုဒင်းဆား (၂)ထုပ် ငွေကျပ် ၃၀၀၀၀၊ ကျောင်းနေအရွယ် ဝန်ထမ်းသားသမီး(၁၁)ဦးတို့အား ကျောင်းသုံးစာရေးကိရိယာနှင့်ကိတ်မုန့်များ၊ မဟာဗိုလ်ကျောင်းတိုက်ရှိ သီလရှင်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)