သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းစတုတ္ထအကြိမ် ညီလာခံကျင်းပနိုင်ရေး အကြိုညှိ့နှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ် မေ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၊ မြို့နယ်စာရေးဆရာအသင်း စတုတ္ထအကြိမ် ညီလာခံကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြလုပ်သည်။

ဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ယုက ​ သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ စတုတ္ထအကြိမ် ညီလာခံကျင်းပနိုင်ရေး ဆောင်ရွက်မည့် အစီအစဥ်များကို အမှာစကားပြောကြား၍၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ ဝင်ဦးမြင့်စိုးက မြို့နယ်စာရေးဆရာအသင်း၏ ကြိုတင်ညှိ့နှိုင်းထားသည့် အမှုဆောင်စာရင်းကို တင်ပြဆွေးနွေးရာစာရေးဆရာအသင်းဝင် ဦးထွန်းသိန်းက ထောက်ခံခြင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသည့် စာရေးဆရာအသင်းအဖွဲ့ဝင်များ၏ သဘောထားများကို ရယူအတည်ပြုပြီး၊ သဘာပတိဦးတင်ယုက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)