ပေါင် မေ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို မေလ ၁၂ ရက်နံနက် (၁၀) နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များတို့က မှုခင်းကျဆင်းရေး လူသတ်မှု၊ မုဒိမ်းမှု၊ လောင်းကစားမှု၊ Online လိမ်လည်မှုများ၊ ခိုးမှုလုယက်မှုများမှ ကာကွယ်နိုင်ရန်၊ အကြမ်းဖက်မှုများ ဖြစ်လာပါကချမှတ်ခံရမည့်ပြစ်ဒဏ်များ၊ သတင်းပေးရန်နှင့် အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များ၊ အကြမ်းဖက်မှုပပျောက်ဖို့ ပြည်သူများပူးပေါင်းပါဝင်တိုက်ဖျက်စို့ ခေါင်းစဉ်များပါဝင်သော မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်စောင်ရေ (၁၀၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)