မော်လမြိုင် မေ ၁၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မော်လမြိုင်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတွင် အရေးပါပြီး သားစဉ်မြေးဆက်မြေယာပိုင်ဆိုင်မှုရရှိစေရန် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကော့ခနိကျေးရွာတွင် ကျေးရွာမြေငှားဂရမ် ထုတ်ပေးနိုင်ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများကွင်းဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံရာ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ကျေးရွာမြေငှားဂရန်ထုတ်ပေးမည့် လုပ်ငန်းစဉ်များ ကျေးရွာမြေ (၁၇.၆၅) ဧကအား ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဝင်းမင်းက မြေငှားဂရန်ထုတ်ပေးရေး မြေပုံရေးကူးဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြေငှားဂရန်ဆောင်ရွက်မည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)