ချောက် မေ ၁၃
မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ ချောက်မြို့နယ်အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံး၏ ၂၀၁၂ခုနှစ်လူမှုဖူလုံရေးဥပဒေနှင့်အညီအလုပ်ခွင်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ(ငွေလုံးငွေရင်း) အကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို မေ၁၂ရက်နံနက်၉နာရီကချောက်/လမ်းရွာ ရေနံမြေလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ဦးစွာ ချောက်/လမ်းရွာ ရေနံမြေညွှန်ကြားရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဖူလုံရေးရုံး မြို့နယ်တာဝန်ခံအရာရှိဒေါ်တင်လဲ့လဲ့ဝေက၂၀၁၂ခုနှစ်လူမှုဖူ လုံရေးဥပဒေပါအကျိုးခံစားခွင့်များအကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်လူမှုဖူလုံရေးရုံးမြို့နယ်တာဝန်ခံအရာရှိ ဒေါ်တင်လဲ့လဲ့ဝေက ချောက်မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေမှ အာမခံအလုပ်သမားဦး အောင်ဇော်နိုင်၏အလုပ်ခွင်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်၈၁၀၀၀၀၀ နှင့်နာရေးစရိတ်ငွေကျပ် ၈၁၀၀၀၀၊ စုစုပေါင်းငွေကျပ် ၈၉၁၀၀၀၀အား ဇနီးဖြစ်သူဒေါ်ခိုင်မြတ်သွယ်ထံပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)