မင်းတုန်း မေ ၁၂
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် အစိုးရအဖွဲ့၏ (ရက် ၁၀၀ စီမံချက်ကာလ) စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းတုန်းမြို့နယ်ဘဏ်ခွဲမှ မြောင်ကျေးရွာအုပ်စုမှ တောင်သူများသို့ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဝင်များနှင့် မြောင်ကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မင်းတုန်းမြို့နယ် စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်မိုင်တင်မာလာအောင်က ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက မြောင်ကျေးရွာအုပ်စုမှ တောင်သူပေါင်း (၂၂)ဦးကို စိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်း (၁၅၄.၀၀) သိန်း ပေးအပ်ခဲ့ကြသည်။ မင်းတုန်းမြို့နယ် ဘဏ်ခွဲအနေဖြင့် ရက် (၁၀၀) အတွင်း ၂၀၂၆-မိုး စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သန်းပေါင်း (၁၀၄၉.၄၂၅) သန်း ထုတ်ချေးရန်လျာထားကြောင်း သိရှိရသည်။
ချင်းကလေး (NRDC)